ကြုံကြိတ်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်

သုံးခွ မေ ၉

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ စတင်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က ကြုံကြိတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ ထုတ်ချေးပေးနေမှုများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ​ဒေါ်နှင်းနုဝေက ကျေးလက်နေပြည်သူများအတွက် မြစိမ်းရောင်စီမံကိန်းစက်ဝန်းလည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးရခြင်း ရည်ရွယ်ချက်နှင့် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ကြုံကြိတ်ကျေးရွာတွင် (၁၀)ကြိမ်မြောက် စီမံကိန်းစက်ဝန်းလည်ပတ်ရန်အတွက် မြစိမ်းရောင်ရန်ပုံငွေကျပ်(၄၃.၀၀၀) သန်းတိတိကို အသင်းသား(၂၀၄)ဦးအား လုပ်ငန်းအမျိုးအစား(၄)မျိုးဖြင့် အတိုးငွေ(၁)ကျပ်ပြား(၅၀)နှုန်း ချေးငွေကာလ(၁၂)လ သတ်မှတ်ပြီး ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)