မဟာအောင်မြေမြို့နယ်၌ ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်း

မဟာအောင်မြေ မေ ၉

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မဟာမြိုင် ၂ ရပ်ကွက်၌ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှုကြောင့် ငလျင်ဘေးသင့်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းက ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်မှုကို မဟာအောင်မြေမြို့နယ် မဟာမြိုင် (၂)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု (၅၂)စုအား အိမ်ထောင်စုတစ်စုလျှင် ဓာတ်ဆားရေ တစ်ဘူး၊ ခေါက်ဆွဲခြောက်(၁)ထုပ်၊ နို့ဆီ(၂)ဘူး၊ ငါးသေတ္တာ(၁)ဘူး၊ အကျီ(၁)ထည်အား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများကကြီးကြပ်၍ ဆက်လက်ပေးအပ် ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း သိရသည်။

အောင်ဇော်မင်း