စဉ့်ကိုင် မေ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် စိမ်းလန်းစိုပြေစေရေး၊ ကျောင်းဥပတိရုပ် ပိုမိုကောင်းမွန်လာစေရန်အတွက် အခြေခံပညာကျောင်းများ၊ အဆင့်မြင့်ပညာကျောင်းများ၌ ကျောင်းအတွင်း/ အပြင် သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိရာ မေလ ၈ ရက် နေ့နံနက်ပိုင်းကအချိန် အ.ထ.က (ပလိပ်) ကျောင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူများ၊ ပြည်သူ/သားများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ကျော်လင်းက အနီးကြီးကြပ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်/ ကျေးရွာ ဒေသခံပြည်သူ/ သားများ ပူးပေါင်း၍ အ.ထ.က (ပလိပ်) ကျောင်း၏ အ၀င်ရှေ့မျက်နှာစာ လမ်းဘေးဝဲယာများ၊ စာကြည့်တိုက်ရှေ့ ကျောင်း၀င်းအတွင်းရှိ ကျောင်းဆောင်များ၏ ရှေ့နောက်၊ ဘေးဝဲယာများတွင် မြက်ပင်များ၊ နွယ်ပင်များ၊ ပေါင်းမြက်များ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ၊ အမှိုက်များမီးရှို့ခြင်းနှင့်မန္တလေးငလျင်ကြောင့် ပြိုကျပျက်စီးသွားသော အုတ်တံတိုင်းများမှ အုတ်ခဲကျိုးများ ရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)