ချမ်းအေးသာစံ မေ ၉
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ ၇၅လမ်း ၂၈*၂၉လမ်းကြားရှိ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသော စာသင်ဆောင်များကို မြိူ့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကာ မေလ ၉ ရက် နံနက်ပိုင်းတွင် ရှင်းလင်းဆောင်ရွက်ခဲ့သည်။
မတ်လ (၂၈) ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ဘုရားစေတီပုထိုးများ၊ ဘာသာရေး အဆောက်အအုံများ၊ လူနေအိမ်များနှင့် စာသင်ကျောင်းများ အစရှိသည်တို့ ပျက်စီးခဲ့ရာ ချမ်းအေးသာစံမြို့နယ်အတွင်း ရှင်းလင်းရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်စီစဥ်မှုများဖြင့် အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိသည်။
အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးအဆောက်အအုံများ ရှင်းလင်း ဆောင်ရွက်ရေးလုပ်ငန်းစဥ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ စုစုပေါင်း(၆၀)ဦး ဖြင့် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်