ကော့မှူးမြို့နယ်၌ ပန်းခင်းစီမံချက်-၃ ဖြင့် နိုင်ငံစီစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦး‌ရေစာရင်းများ ကွင်းဆင်းဆောင်ရွက်

ကော့မှူး မေ ၉

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် ပန်းခင်းစီမံချက်- ၃ ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦး‌ရေစာရင်းများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ဘုရားလမ်းရပ်ကွက် မူလွန် (ပတုပ်) ကျောင်း၌ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာသို့ တွံတေးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်က နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း‌များ ဆောင်ရွက်ပေးနေမှုတို့အား လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကျော်သူရ