တံတားဦးမြို့နယ်တွင် ဝါးထရံယက်လုပ်ရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေ

တံတားဦး မေ ၉

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဝါးထရံတစ်ပိုင်တစ်နိုင်ယက်လုပ်ရောင်းချသူများ နေ့စဉ်ဝင်ရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ဝါးထရံယက်လုပ်ရောင်းချများထံမှ သိရသည်။

ဝါးအမျိုးအစားမှ အမျိုးမျိုးရှိပြီး  ထရံယက်လုပ်ရာတွင် တင်းဝါးအမျိုးအစားကိုသာ အဓိက သုံးစွဲကြကြေင်းနှင့် အနံ (၆) ပေ၊ အလျား (၁၅) ပေ၊ ရိုးရိုးထရံတစ်ချပ် ယက်လုပ်မည်ဆိုပါက တင်းဝါး (၁၀) လုံး အသုံးပြုရကြောင်း၊  ကုနကျမှုအနေဖြင့် လုပ်အားခအပါအဝင် ငွေကျပ် (၄) သောင်းကုန်ကျပြီး ပြန်လည်ရောင်းချပါက ငွေကျပ် (၇) သောင်းကျော် ရရှိကြောင်း၊ ပုံစံဒီဇိုင်းများ၊ ဝါးအကြောများဖြင့် လုပ်ထားသော နှီးပူးဝါးထရံအမျိုးအစားများ ယက်လုပ်ရောင်းချပါက ရောင်းဈေးပို၍ ရရှိသဖြင့် ဝင်ငွေပို၍ ရရှိကြောင်း ဝါးထရံယက်လုပ်ရောင်းချသူ ကူတိုးဆိပ်ကျေးရွာ သရဖူဝါးရောင်းဝယ်ရေး လုပ်ငန်းပိုင် ဦးထွန်းထွန်းထံမှ သိရသည်။

ထံရံများ ယက်လုပ်ရာတွင် ရေရှည်ခိုင်ခန့်စေရန်အတွက် ဝါးများအား ရေဝအောင် စိမ်ထားရကြောင်း၊ ရေမစိမ်သည့် ဝါးများဖြင့် ယက်လုပ်ပါက ဝါးပိုးများထိုးပြီး ရေရှည်ခိုင်ခန့်မှု မရှိကြောင်း၊ ထရံဝယ်ယူများအနေဖြင့် ရေစိမ်ဝါးဖြင့်ယက်လုပ်သည့် ထရံများကို ပိုမိုကြိုက်နှစ်သက်ကြကြောင်းနှင့် ဝါးထရံယက်လုပ်မည်ဆိုပါက ရေစိမ်ဝါးရောင်းချသူများထံမှ အများဆုံးဝယ်ယူပြီး ထရံယက်လုပ်ရောင်းချကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)