မန္တလေးငလျင်ကြောင့် ပျက်စီးသွားသည့် အိမ်ထောင်စုဇယား၊ နိုင်ငံသားစီစစ်ရေးကတ်များနှင့် UID ကတ်များအခမဲ့  ကွင်းဆင်းဆောင်ရွက်

အမရပူရ မေ ၉

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ဦးစီးမှူးရုံးမှ ငလျင်ဒဏ်သင့်ပြည်သူများ၏ ပျောက်ဆုံး၊ ပျက်စီးသွားသော အိမ်ထောင်စုဇယားများနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ၊ နံပါတ်ဆယ်လုံးပါ UID ကတ်များကို အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စုရှိ တောင်ယဥ်ပုံကျေးရွာ ငလျင်ရှောင်ယာယီစခန်းတွင် မေလ ၈ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က ဆောင်ရွက်ပေးခဲ့သည်။  

အဆိုပါ မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီး၊ ပျောက်ဆုံးသွားသည့် အိမ်ထောင်စုဇယား ၁၅ ခု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ၃၀ နှင့်နံပါတ်ဆယ်လုံးပါ UID ကတ် ၅၀ ခုတို့ကို တိုက်နယ်မှူး ဒုတိယလဝကမှူး ဒေါ်ထွေးထွေးဝင်း ဦးဆောင်သောအဖွဲ့မှ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်လဝကဦးစီးမှူး ဦးတင်ကိုကိုဝင်းထံမှ သိရသည်။

စိုးသီဟ(အမရ)