မှော်ဘီ မေ ၉
ရန်ကုန်တိုင်ဒေသကြီး၊ မှော်ဘီခရိုင် မှော်ဘီမြို့နယ် ဘိုးဒေါနကုန်းအုပ်စု၊ ရေသိုးကျေးရွာဓမ္မာရုံတွင် ယမန်နေ့နံနက်ပိုင်းက သမ၀ါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာ မှော်ဘီခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာမှက ကြီးမှူး၍ ကျင်းပပြုလုပ်သော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု၀င်ငွေတိုးရေး စီမံကိန်းလျှပ်စစ်သွယ်တန်းနည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။
အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု၀င်ငွေတိုးရေး စီမံကိန်းလျှပ်စစ်သွယ်တန်းနည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င် (၂) ဦး၀င်းစိုး ကျေးလက်ခရိုင်ဦးစီးမှူး ဦးရဲဇော်ထွန်း စီမံကိန်းရေးဆွဲရေးဌာနမှ လ/ထ ညွှန်ကြားရေးမှူး ဒေါ်ငု၀ါကျော် ကျေးလက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စိမ်းလဲ့လဲ့စိုး သမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွေနွေအောင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၀င်များ သင်တန်းသားများ ရွာသူ ရွာသားများ (၅၀) ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သိရသည်။
လျှပ်စစ်သွယ်တန်းနည်းပညာသင်တန်းကို မေလ ၈ ရက်နေ့မှ ဇွန်လ ထိတစ်လ ဖွင့်လှစ်သင်ကြားသသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ဝင်းဇော်