ရွှေပြည်သာမြို့နယ်၌ နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

ရွှေပြည်သာ မေ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ဖွင့်လှစ်ခဲ့‌သော နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီက ကျင်းပသည်။

အခမ်းအနားတွင် ရွှေပြည်သာမြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးဝင်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စာ‌ရေးဆရာအသင်းဥက္ကဋ္ဌ ဒေါ်ရည်မွန်မရည်မွန် (ကျုံပျော်) က သင်တန်းဖွင့်လှစ်ပေးခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ ဦးတင်ဝင်း ပန်းချီဆရာဝင်းနွယ်(ပုသိမ်)က ဆု‌ရွေးချယ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း‌ပြောကြားသည်။

ဆက်လက်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် ဆုရကျောင်းသား/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးဝင်းလှိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်မေသွယ်၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုး၊ ပန်းချီဆရာ ဦးတင်းဝင်းဝင်းနွယ်(ပုသိမ်)တို့က ဆုများအသီးသီးပေးအပ်ချီးမြှင်ခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနက ပြသထားသော သုတ/ရသစာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ၊ ဆုရပန်းချီကားများအား စိတ်ဝင်တစားလှည့်လှည်ကြည့်ရူခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း (ပြန်/ဆက်)