တန့်ယန်း မေ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် (၄၀) ကြိမ်မြောက် မြို့နယ်လုံးကျွတ် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၌ ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက နေ့ဆွမ်းဆက်ကပ်ခြင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မဟာမြတ်မုနိဘုရားကြီး၌ ကျင်းပခဲ့သည်။
အဆိုပါ ရဲတပ်ဖွဲ့ဝင်များကစုပေါင်း၍ နေ့ဆွမ်းဆက်ကပ်ခြင်းကို မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘုရားကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောလိယနှင့် ဆရာတော် သံဃာတော် အရှင်သူမြတ်များအား ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတို့က စေတနာရှင်၊ အလှူရှင်များနှင့်ပူးပေါင်းကာ ဆက်ကပ်ခဲ့ကြောင်းနှင့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအား မေလ ၁၁ ရက်နေ့ ကဆုန်လပြည့်နေ့အထိ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)