မိုင်းစံမြို့ ရှမ်းစာပေနှင့်ယဥ်ကျေးမှုကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပ

မိုင်းစံ ‌မေ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်က ရှမ်းစာပေနှင့် ယဥ်ကျေးမှုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်၊၊

 ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး (ကိုယ်စား) ဒေါ်ကသွယ်စိုးက ကျောင်းသား/ ကျောင်းသူများ စာကြည့်တိုက်ကို အသုံးချတတ်စေရန် စာပေဖတ်ရှုသည့်အလေ့ကျင့်ကောင်းများ ရရှိစေရန်၊ စာဖတ်ခြင်းအကျိုးကျေးဇူးဆိုင်ရာများနှင့် စာပေဖတ်ရှုခြင်းဖြင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်၊၊

မိုင်းစံ (ပြန်/ဆက်)