လှိုင် မေ ၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်ခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံစာစီစာကုံးရေးသားနည်း သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးညိုထွန်းက နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသား/သူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည်တိုက်ကို အသုံးပြုသည့် အလေ့အထမျာရရှိစေရန်ရည်ရွယ်၍ နွေရာသီသင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲပြီး စာရေးဆရာ အသင်းနာယက ဦးမင်းဆက်ပိုင်က မြန်မာစာစာလုံးပေါင်းသတ်ပုံမှန်ကန်ပြီး စနစ်တကျရေးသားနိုင်စေရန်၊ စာပေကို စဉ်ဆက်မပြတ်လေ့လာကာ အတွေးသစ်များဖြင့် ရေးသားနိုင်ရန်နှင့် ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်များအတွင်း အားလပ်ချိန်များကို အသိပညာ၊ အတတ်ပညာများ ဆည်းပူးလေ့လာနိုင်ရန်နှင့် ပြန်/ဆက်ဦးစီးဌာမှ ပညာရှင်များနှင့် ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖြင့် ပြည့်စုံစေရေး စဉ်ဆက်မပြတ်သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှုးက သင်တန်းဆရာများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်သည်။
အဆိုပါသင်တန်းကို ၂-၅-၂၀၂၅ ရက်နေ့မှ ၇-၅-၂၀၂၅ ရက်နေ့အထိ လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခမဲ့သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသူ/သင်တန်းသား စုစုပေါင်း(၁၅)ဦး သင်တန်းတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ဇော်ဇော်နိုင် (ပြန်/ဆက်)