သထုံမြို့နယ်တွင် မိုးစပါးစိုက်ပျိုးကြမည့် သမဝါယမအသင်းသား တောင်သူများအား အထွက်တိုးမျိုးစပါးများ ပေးအပ်

သထုံ မေ ၈

မွန်ပြည်နယ်၊ သထုံမြို့နယ်သမဝါယမအသင်းစုမှ ယခုနှစ်မိုးစပါးစိုက်ရာသီ၌ မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးကြမည့် သမဝါယမအသင်းသား တောင်သူများထံ အထွက်တိုးမျိုးစပါးများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက သထုံမြို့၊ အောက်ကျင်းရပ်ကွက်ရှိ သမဝါယမအသင်းစုရုံး၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာစိုးက သမဝါယမအသင်းများဖွံ့ဖြိုးတိုးတက်ရေး၊ အသင်းသားတောင်သူများထံ အထွက်တိုးမျိုးစပါးများ ပေးအပ်ရခြင်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး အသင်းသားတောင်သူများထံ အထွက်တိုးမျိုးစပါးများ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် သထုံမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးကြမည့် သမဝါယမအသင်း(၉)သင်းတို့မှ အသင်းသားတောင်သူ(၄၉၀)ဦးတို့၏ စပါးစိုက်ဧေကပေါင်း(၃၂၉၅)ဧကအတွက် အထွက်တိုးမျိုး စပါးအိတ်ပေါင်း(၃၂၉၅)အိတ်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)