ဒဂုံဆိပ်ကမ်း မေ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကျင်းပကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က မုဒိတာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးကျော်မိုးကြည်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစည်သူမောင်မောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြခဲ့သည်။ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ၂၀၂၅ခုနှစ်၊ မေလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ၃ ရက်ကြာ သင်ကြားပို့ချသွားမှာဖြစ်ပြီး အခြေခံပညာကျောင်းများမှ သင်တန်းသူ ဆရာမ (၃၃) ဦးတို့က တက်ရောက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
ဖြိုးစန္ဒာ (ပြန်/ဆက်)