လဲချားမြို့တွင် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

လဲချား မေ ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် မေလ ၈ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ကို ဂုဏ်ပြုသောအားဖြင့် လဲချားမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က လဲချားမြို့သီရိဟံသာခန်းမတွင် ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းထွန်းဦးက အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမျိုးဆွေက မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌပါမောက္ခ ဒေါက်တာမျိုးညွန့်မှ ကမ္ဘာ့ကြက်ခြေနီအထိမ်းအမှတ်ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခဲ့ပါသည်။

ထို့နောက် လဲချားမြို့နယ်ကြက်ခြေနီတပ်ဖွဲ့ မြို့နယ်တပ်ဖွဲ့မှူးမှ ကြက်ခြေနီအကြောင်း သိကောင်းစရာအားလည်းကောင်း၊ ဒေါ်နန်းခမ်းနောင်းမှ အန္တရာယ်ဖြစ်နိုင်‌ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်းအကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)