ပြည်ကြီးတံခွန် မေ ၈
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ “ကမ္ဘာတစ်ဝန်းပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က “ကမ္ဘာတစ်ဝန်း ပလတ်စတစ် ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး" Talk Show ကျင်းပရသည့် ရည်ရွယ်ချက်များနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကေခိုင်ဇော်ထွန်းက ကမ္ဘာနှင့်တစ်ဝန်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ရည်မှန်းချက်များနှင့် လက်တွေ့ဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေးနှင့် ပလတ်စတစ်၏ သဘောသဘာဝများ၊ ပလတ်စတစ် သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်လာသည့် ဆိုးကျိုးများ၊ ဖြေရှင်းလို့ရမည့် နည်းလမ်းများ၊ ပလတ်စတစ် ညစ်ညမ်းမှု အဆုံးသတ်ရေးကိစ္စနှင့် ပတ်သက်၍ အကြံပြုချက်များ အစရှိသည့်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)