ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ကျေးရွာပြည်သူများအတွက် သောက်သုံးရေများ ပေးဝေလှူဒါန်း

ဇမ္ဗူသီရိ မေ 

ဇမ္ဗူသီရိမြို့နယ်၊ သမဝါယမနှင့်ကျေးလက်‌ဒေသဖွံ့ဖြိုး‌တိုးတက်‌‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ကျေးရွာပြည်သူများအတွက် သောက်သုံးရေများကို ယမန်နေ့ နံနက်ပိုင်းက သွားရောက်ပေးဝေ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အလျင်လိုကျေးရွာတွင် ဇမ္ဗူသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရွေ့လျား‌ရေသန့်စင်ကားဖြင့် ရေဂါလံ ၁၂၀၀ အား ကျေးရွာနေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိစေရေး၊ ကျန်းမာရေးနှင့်ညီညွတ်စေရေးအတွက် သောက်သုံးရေများ ပေးဝေလှူဒါန်း‌ပေးခဲ့ခြင်းဖြစ်‌ကြောင်း သိရှိရသည်။

နီလာ(ပြန်/ဆက်)