နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သောက်သုံးရေရရှိရေးနှင့် ငလျင်ဘေးကြောင့် ထိခိုက်ခဲ့သော အဆောက်အဦများ ပြန်လည်ပြုပြင်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၈

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ညနေပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် ဇမ္ဗူသီရိမြို့နယ်အတွင်း ပင်မရေပေးဝေရေးပိုက်လိုင်းများနှင့် ရေဖြန့်‌ဝေရေးပိုက်လိုင်းများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လုပ်ငန်းများအမြန်ဆုံးပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ကံ့ကော်အိမ်ရာရှိ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆောက်အဦများ ပြန်လည်ပြုပြင်နေမှုနှင့် ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဇမ္ဗူသီရိမြို့နယ် HELLO PRESCHOOL မူလတန်းကြိုကျောင်းနှင့် စံပယ်အိမ်ရာတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)