တာချီလိတ် မေ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ရွှေတိဂုံစေတီတော် ရတနာစိန်ဖူးတော်မြတ်ကြီးနှင့် ရတနာငှက်မြတ်နားတော် တင်လှူပူဇော်ပွဲအတွက် စေတနာသဒ္ဓါတရားထက်သန်စွာ ပါဝင်လှူဒါန်းကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်/မြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ရွှေတိဂုံစေတီတော်ဂေါပကဥက္ကဋ္ဌ ဦးဇော်မြင့်က ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲတွင် အလှူခံရရှိထားသော ငွေစာရင်းနှင့် အခမ်းအနားဖြစ်မြောက်ရေးအတွက် ကော်မတီအသီးသီးမှ ၎င်းတို့ကဏ္ဍအလိုက် ထုတ်ယူသုံးစွဲခဲ့သည့် ငွေစာရင်းများအား ချပြရှင်းလင်းခဲ့သည်။
ထို့နောက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်းနှင့် တာဝန်ရှိသူများက တာချီလိတ်မြို့ ရွှေတိဂုံပုံတူစေတီတော် ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကျင်းပနိုင်ရေး၊ ဆရာတော်သံဃာတော်ကြီးများအား နဝကမ္မဝတ္ထုပစ္စည်းများ ကပ်လှူပူဇော်နိုင်ရေး၊ ရွှေတိဂုံစေတီအလယ်ပစ္စယံ အတက်လှေကားနှင့် ဓမ္မာရုံတွင် Aircon တပ်ဆင်ဆောင်ရွက်နိုင်ရေးနှင့် အောင်ပွဲအထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ ငွေမိုးရွာသွန်းဖြိုးရန်အတွက် အလှူငွေနှင့် ကျောက်မျက်ရတနာစိန်ရွှေပစ္စည်းများ ပါဝင်လှူဒါန်းပေးကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)