သန်လျင်မြို့နယ်၌ အကြိမ် (၂၀) မြောက် မဟာဗုဒ္ဓဝင်ရွတ်ဖတ်ပူဇော်ပွဲဖွင့်လှစ်

ရန်ကုန် မေ ၈

သန်လျင်ခရိုင် သန်လျင်မြို့ ဗိုလ်ချုပ်ကျေးရွာ မင်္ဂလာကန်ဦး ပရိယတ္တိစာသင်တိုက်ကြီးတွင် အကြိမ် (၂၀) မြောက် မဟာဗုဒ္ဓဝင်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို မေ ၆ ရက်နေ့ နံနက်ပိုင်းက မင်္ဂလာကန်ဦးပရိယတ္တိစာသင်တိုက်ကြီးအတွင်း၌ ကျင်းပသည်။

အခမ်းအနားတွင် မင်္ဂလာကန်ဦး ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာမကူပါရဂူကျမ်းပြု မဟာဗုဒ္ဓဝင်ဆရာတော် ဘဒ္ဒန္တပညာသီရိထံမှ အလှူရှင်များနှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် သြဝါဒကထာခံယူကြသည်။

ထို့နောက် မဟာဗုဒ္ဓဝင်အမေးအဖြေဖြင့် ပူဇော်ခြင်း၊ မဟာဗုဒ္ဓဝင်အမွှန်းပူဇော်ခြင်း၊ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး၏ ယာနစဂါထာဖြင့် ပူဇော်ခြင်း၊ တိုက်တွန်းနှိုးဆော် ဥယောဇနဂါထာရွတ်ဖတ်ပူဇော်ခြင်း၊ ဘုရားဂုဏ်တော်ကိုးပါး ပါဠိတော်ကို သံပြိုင်သုံးကြိမ်ရွက်ဖတ်ပူဇော်၍ အလှည့်ကျဆရာတော်မှ ဗုဒ္ဓဝံသပါဠိတော်ကို စတင်ပူဇော်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (ပြန်/ဆက်)