မုဒုံ မေ ၈
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ မိုးစပါးစိုက်ပျိုးရာသီစပါးအထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် တောင်သူအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်သမဝါယမအသင်းစုလီမိတက် အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့ဝင် ဦးကျော်မြင့်က ၂၀၂၅ - ၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် လျာထားဧကများ ပြည့်မီအောင်စိုက်ပျိုးနိုင်ရေး၊ စပါးအထွက်နှုန်းတိုးတက်မြင့်မားရေးအတွက် ကြဲခင်းစနစ်ထက် မျိုးစေ့ချကိရိယာ (Seeder) ဖြင့် အသုံးပြုစိုက်ပျိုးနိုင်ရန်နှင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မျိုးစေ့ချကိရိယာ (Seeder) များကို ဖြန့်ဝေပေးထားခဲ့ပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက မိုးစပါးများစိုက်ပျိုးချိန်တွင် စက်ကိရိယာများဖြင့် စိုက်ပျိုးနိုင်ရေးတောင်သူများ၏ လိုအပ်ချက်များကို ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေးသည်။
ဆက်လက်၍ တောင်သူများက မိုးစပါးများ အထွက်နှုန်းတိုးတက်မြင့်မားစိုက်ပျိုးနိုင်ရေးနှင့် ပတ်သက်၍ လိုအပ်သည်များ တင်ပြခဲ့ရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရာမည