ရန်ကုန် မေ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်သို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်မှာ ပြည်သူများအတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၁) နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ခမ်းအနားသို့ လမ်းမတော်မြို့နယ်အတွင်းသို့ နေရပ်စွန့်ခွာ၍ ပြောင်းရွှေ့ရောက်ရှိလာသည့် တိုက်ပွဲ ရှောင်ပြည်သူများအား (၂/၂၀၂၅) နှင့် (၃/၂၀၂၅) လများအတွက် ထောက်ပံ့ငွေပေး အပ်ခြင်းအခမ်းအနားအား ပြုလုပ်ဆောင်ရွက်ခဲ့ရာ ကျောက်တံတားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစံကျော်၊ ကျောက်တံတားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုရဲမှူးကြီး ဝင်းနိုင်၊ ကျောက်တံတားခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကောင်းဇော်လင်း၊ အဖွဲ့ဝင် (၂) ဦးလှသိန်း၊ အဖွဲ့ဝင်(၃)ကိုယ်စား ဦးစိုင်းညွန့်ဝင်း၊ အတွင်းရေးမှူး ရဲမှူးမောင်မောင်သန်း၊ မြို့နယ်ထောက်ပံ့ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးဝန်ထမ်းများနှင့် တိုက်ပွဲရှောင်ပြည်သူများ စုစုပေါင်း(၈၀)ဦး တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ကျောက်တံတားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးစံကျော်မှ အဖွင့်အမှာစကားပြောကြားပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ထောက်ပံ့ရေးအဖွဲ့ဝင်များမှ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဆန်းမြင့်