မူဆယ်မြို့၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်ပေးအပ်ပွဲ ကျင်းပ

မူဆယ် မေ ၈

မူဆယ်ခရိုင်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စီမံကိန်းရည်မှန်းချက်တာဝန်ပေးအပ်ပွဲအခမ်းအနားကို ခရိုင်/မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် (၁၀)နာရီ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ခရိုင်/မြို့နယ်ရုံးစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ခရိုင်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ ခရိုင်စီမံကိန်းဦးစီးမှူး ဦးကျော်မင်းသိန်းက မူဆယ်ခရိုင်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ကဏ္ဍအလိုက် စီမံကိန်းရည်မှန်းချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကဏ္ဍအလိုက် စီမံကိန်းရည်မှန်းချက်အခြေအနေများ ဌာနအလိုက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေခွင့်ပြုရရှိသည့် အခြေအနေများကို power point ဖြင့် ရှင်းလင်းတင်ပြခဲ့ကြသည်။

ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများအား လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီးများ၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များကို ပေးအပ်ခဲ့ကြောင်း သိရပါသည်။

ချယ်ရီမြေ(မူဆယ်)