တောင်ဥက္ကလာပမြို့နယ်သို့ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား ဒုတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

တောင်ဥက္ကလာပ မေ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်သို့ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ပေးအပ်သော ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို မေ ၆ ရက်နေ့ နံနက် ၁၀ နာရီက တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၄)ရပ်ကွက် သစ္စာလမ်းရှိ သုံးထပ်‌ဆောင်သာသနာ့ဗိမာန်တော်ကြီးတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ငွေပေးအပ်ခြင်းကို သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးသောင်းလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရိန်အောင်၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်အတွင်းသို့ ယာယီနေရပ်စွန့်ခွာ၍ ပြောင်းရွေ့ရောက်ရှိလာသည့် တိုက်ပွဲရှောင် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ပေးအပ်သော တစ်ဦးလျှင်တစ်လ ငွေကျပ် ၂၀၀၀၀/-နှုန်းဖြင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လ နှစ်လစာအတွက် တစ်ဦးလျှင် ငွေကျပ် ၄၀၀၀၀/-အား အိမ်ထောင်စု(၄၂၀)စု လူဦးရေ(၁၅၄၁) ဦးအတွက် ထောက်ပံ့ငွေများအား လက်ဝယ်အရောက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)