မိုင်းတုံမြို့၌ တောမီးမရှို့​​စေရန် ကွင်းဆင်းဟောပြော

မိုင်းတုံ မေ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ (မိုင်းတုံအုပ်စု၊ ပန်းမုံကျေးရွာ)တွင် ယမန်နေ့မွန်းလွဲ ၂ နာရီက တောမီးမရှို့စေရန်နှင့် စိုက်မွေးကုကျောင်း၌ စာသင်သားရရှိစေရန် ကွင်းဆင်းဟောပြောခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းတုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းလင်းက တောမီးရှို့ခြင်းများမပြုလုပ်စေရေး၊ မီးခိုးမြူငွေ့ဖုံးလွှမ်းသည့် ကိစ္စရပ်များ မဖြစ်ပေါ်စေရေး၊ တောင်ယာမီး၊ တောမီးများမရှို့စေရန် အသိပညာပေးခြင်း၊ အရေးယူတားဆီးခြင်း၊ သစ်တောများထိန်းသိမ်းကာကွယ်ခြင်းတို့ကို အသိပညာပေးပြောကြားခဲ့ပြီး လက်ထောက်ဦးစီးမှူး ဦးထင်လင်းကျော်က နားကောင်းမှူးကျေးရွာတွင် ဖွင့်လှစ်ထားသော စိုက်ပျိုးရေးနှင့်မွေးမြူရေးကျောင်း၌ စာသင်ကျောင်းသား/သူများရရှိရေး စိုက်မွေးကုကျောင်းကို တက်ရောက်ကြရန်နှင့် ကောင်းကျိုးများကို ရှင်းလင်းပြောကြားပေးခဲ့ကြကြောင်း သိရသည်။

မျိုးကျော်စိုး(ပြန်/ဆက်)