မှော်ဘီမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင်ငွေကျပ်နှစ်သောင်းနှုန်း ပေးအပ်

မှော်ဘီ မေ ၈

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်းသို့ ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်း ဆက်လက်ပေးအပ်ရာ မေ ၆ ရက်နေ့ နံနက်(၉)နာရီအချိန်က ဘန့်ဘွေးကုန်းကျေးရွာအုပ်စု၊ အင်ကြင်းကုန်း၊ ဖူးကြီး၊ ရွှေမြယာ၊ ကံကလေးကျေးရွာများ၌ စစ်ဘေးရှောင်ပြည်သူများအား ပေးအပ်ခဲ့ကြောင်း သိသည်။

ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်ဦးဆောင်၍ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား တစ်ဦးလျှင်ငွေကျပ် နှစ်သောင်းပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါစစ်ဘေးရှောင်နေသော ရပ်ကွက်များသို့ အဖွဲ့(၅)ဖွဲ့ခွဲ၍ ပေးအပ်ခြင်းဖြစ်ရာ အဖွဲ့(၁)မှ(၅)အထိ ကျေးရွာများ အရောက်ကွင်းဆင်း၍ ဌာနဆိုင်ရာအကြီးအကဲများမှ အဖွဲ့ခွဲ၍ သွားရောက်ခဲ့ကာ တစ်ဦးကို ငွေကျပ်(၂၀၀၀၀ )ကျပ်နှုန်းပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်နှင့် အဖွဲ့ဝင်များ၊ မှော်ဘီမြို့ နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဒုတိယညွန်ကြားရေးမှူး ဦးခင်ဦး၊ မြို့နယ်သစ်တောဦးစီး ဦးသန့်ဇင်ကျော်၊ မြို့နယ်ထွေအုပ်ဒုဦးစီး ဒေါ်သဲနု၊ မှော်ဘီမြို့နယ်​(ပြန်/ဆက်)ဒုဦးစီး ဒေါ်လှလှထွေးနှင့် မြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မှော်ဘီမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာလာသည့် ရပ်ကွက်/ ကျေးရွာအုပ်စု(၃၂)အုပ်စုမှ လူဦးရေ (၂၉၁၃) ဦးအတွက် အိမ်ထောင်စုများ လက်ဝယ်အရောက် တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်(၁၁၆၅၂၀၀၀၀/-)တို့ကို ဌာနဆိုင်ရာများပါဝင်သော အဖွဲ့(၅)အဖွဲ့တို့က ယာယီနေရပ်စွန့်ခွာပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းဇော် (ပြန်/ဆက်)