လယ်ဝေး မေ ၈
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်များမှ ပါမောက္ခ၊ တွဲဖက်ပါမောက္ခများ၊ ဌာနမှူးများ၊ ကထိကများပါဝင်သောအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင်း လယ်ဝေးမြို့၊ အားကစားလေ့ကျင့်ရေးစခန်း၊ အမှတ်(၂)နှင့် ချမ်းမြေ့ရိပ်သာကျောင်းတို့၌ တတိယနေ့အဖြစ် ဆက်လက်သင်ကြားပေးလျက်ရှိသည်။
လယ်ဝေးမြို့၊ အားကစားလေ့ကျင့်ရေးစခန်းအမှတ်(၂)တွင် ဇီဝဗေဒဘာသာတွဲနှင့် ဝိဇ္ဇာဘာသာတွဲများကိုလည်းကောင်း၊ ချမ်းမြေ့ရိပ်သာကျောင်းတွင် စီးပွားရေးဘာသာတွဲကိုလည်းကောင်း၊ Naypyitaw State Academy၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ ပဲခူးတက္ကသိုလ်၊ တောင်ငူတက္ကသိုလ်၊ စစ်တွေတက္ကသိုလ်တို့မှ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဌာနမှူးများနှင့် ကထိကဆရာကြီး၊ ဆရာမကြီးများက မေလ ၅ ရက်မှ ၇ ရက်အထိ သင်ကြားပို့ခဲ့ပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/သူများ အဆင်ပြေစွာ သင်ယူလေ့လာနိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးတို့အတွက် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးမှူးရုံးနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးသန့် (လယ်ဝေး)