သံဖြူဇရပ် မေ ၈
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်စေရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက အောင်သာယာရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ယခုအချိန်တွင် မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်စေရေးအတွက် ပြည်သူများပူးပေါင်းပါဝင်သော မြို့ပေါ်ရပ်ကွက်ရှိ အောင်သာယာရပ်ကွက်တွင် ရေစည်၊ ရေအိုး၊ ရေကန်အတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ကို ကျန်းမာရေးဝန်ထမ်းများနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အမျိုးသမီးရေးရာ အဖွဲ့တို့ပူးပေါင်း၍ တစ်အိမ်တက်ဆင်းအသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)