ကော့မှူးတွင် အကြမ်းဖက်ဖြစ်စဉ်ကြောင့် ယာယီနေရပ်စွန့်ခွာသူ (၁၀၄) ဦးအား ထောက်ပံ့ငွေပေးအပ်

ကော့မှူး မေ ၈

အကြမ်းဖက်ဖြစ်စဉ်ကြောင့် ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝ‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံ‌ငွေမှ တစ်ဦးလျှင် နှစ်‌သောင်းနှုန်း‌ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို မေ ၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းက အဖွင့်အမှာစကားပြောကြားရာတွင် နေရပ်စွန့်ခွာပြည်သူများ၏ ကျန်းမာရေး၊ ပညာသင်ကြားရေး၊ နေထိုင်စားသောက်ရေးအတွက် စောင့်ရှောက်ပေးလျက်ရှိကြောင်း ပြည်သူများအနေဖြင့်လည်း နေထိုင်စဉ်ကာလအတွင်း ရင်းနှီးချစ်ခင်စွာနေထိုင်ကြရန်၊ အခက်အခဲရှိပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့များသို့ ချက်ချင်းသတင်းပို့ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများက ယာယီနေရပ်စွန့်ခွာသူ(၆၅)ဦးအား ဖေဖော်ဝါရီလနှင့် မတ်လအတွက် ပြည်သူတစ်ဦးလျှင်ငွေကျပ်(၄၀၀၀၀)နှုန်းဖြင့် တစ်ဦးချင်းလက်ဝယ်အရောက်ပေးအပ်ခဲ့ကြပြီး အရှေ့ခြမ်း၊ အနောက်ခြမ်းကျေးရွာများရှိ နေရပ်စွန့်ခွာသူပြည်သူ (၃၉) ဦးအား‌ ကျေးရွာအုပ်စုများ အရောက်တစ်ဦးလျှင် ဖေဖော်ဝါရီလနှင့် မတ်လအတွက် (၄၀၀၀၀) ကျပ်နှုန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ တစ်ဦးချင်း လက်ဝယ်အရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ကော့မှူးမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူ(၁၁၂)ဦးရှိပြီး (၈)ဦးမှာ၎င်းတို့၏ ‌နေရပ်များသို့ပြန်သွားသည့်အတွက် ကျန်ရှိနေသောယာယီနေရပ်စွန့်ခွာသူ(၁၀၄)ဦးအား တစ်ဦးလျှင်(၄၀၀၀၀)ကျပ်နှုန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ကျော်သူရ