နမ့်စန်မြို့နယ်တွင် လေပြင်းဒဏ်ကြောင့် ပျက်စီးသွားသော နေအိမ်များအတွက် ထောက်ပံ့ငွေများ ပေးအပ်

မ့်စန်(တ)  မေ ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ဧပြီလ ၂၇ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသည့် တွံတီးကျေးရွာရှိ လူနေအိမ် (၂၃)လုံး၊ နမ့်ဆွယ်ကျေးရွာရှိ လူနေအိမ် (၇)လုံးနှင့် ဘုန်းကြီးကျောင်း မီးဖိုဆောင် (၁)လုံး၊ စုစုပေါင်း အဆောက်အဦ (၃၁)လုံးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ငွေများကို မြို့နယ်မှတာဝန်ရှိသူများက နမ့်လစ်ကျေးရွာအုပ်စု၊ တွံတီးကျေးရွာနှင့် မက်မွန်မုန်းကျေးရွာအုပ်စု၊ နမ့်ဆွယ်ကျေးရွာသို့ ယမန်နေ့ နံနက် ၁၁ နာရီက ကွင်းဆင်း၍ အိမ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့် တာဝန်ရှိသူများက ကျေးရွာ(၂)ရွာရှိ လေပြင်းဒဏ်သင့်နေအိမ်များသို့သွားရောက်၍ ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ စုစုပေါင်း ၂၁၉၀၀၀၀ ကျပ်ကို  ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)