ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တက်ရောက်

ပင်းတယ မေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ () ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လူမှုစီးပွားရေးနယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကိုဗဟိုပြု၍  အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်ရည်ရွယ်၍ နိုင်ငံတော်ကချမှတ်ထားသည့် အမျိုးသားရေးမျှော်မှန်းချက် ()ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေး၊ စားရေးရိက္ခာဖူလုံရေးတို့ကို စီးပွားရေးမူဝါဒများနှင့်အညီ ရေးဆွဲဆောင်ရွက်ထားရှိပြီး ဒေသ၏ စီးပွားရေးကဏ္ဍတွင် အဓိကကျသည့် လယ်ယာကဏ္ဍကြီးဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်မှုကဏ္ဍကြီးအတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အားတိုးတက်ရရှိနိုင်ရေး၊ MSME အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေး၊ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးတိုးတက်ကောင်းမွန်စေရေး၊ ငွေကြေးဝန်ဆောင်မှုအမျိုးအစားသစ်များ ဖြစ်ထွန်းလာစေရေးတို့ကို ဦးစားပေးရေးဆွဲထားခြင်းကြောင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းမှာ ဒေသ၏ (GDP)ကို တိုးတက်ရရှိရန် မျှော်မှန်းထားပါကြောင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှရရှိလာမည့် အသီးအပွင့်များကိုလည်း ဒေသနေတိုင်းရင်းသားပြည်သူတစ်ရပ်လုံး ရရှိခံစားနိုင်ရေးနှင့် အမှန်တကယ်ဆောင်ရွက်သင့်သည့် ဦးစားပေးလုပ်ငန်းများ၊ နိုင်ငံတော်၊ ပြည်နယ်၊ ဒေသနှင့် ပြည်သူကို အကျိုးပြုသည့် လုပ်ငန်းများကို ဆက်လက်ဖော်ထုတ်ဆောင်ရွက်သွားကြရန် အစရှိသည်ဖြင့် အမှာစကားပြောကြားပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများထံသို့ တာဝန်များ ပေးအပ်ခဲ့သည်။

ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်းက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားအပြီးတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်များမှ ဘဏ္ဍာရေးနှစ်အလိုက် အခွန်အရပ်ရပ်ကောက်ခံရရှိမှုနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဆက်လက်ကျင်းပခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဘဏ္ဍာရေးနှစ်အလိုက် အခွန်ကောက်ခံရရှိမှုအခြေအနေများအား သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)