ဥတ္တရသီရိမြို့နယ်၊ သစ်ဝင်တိုင်းကျေးရွာအတွင်းရှိ ငလျင်‌ဘေးသင့်ပြည်သူများအား အလှူငွေများ လာရောက်လှူဒါန်း

ဥတ္တရသီရိ  မေ ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သစ်ဝင်တိုင်းကျေးရွာအတွင်း မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေး‌မြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စုများအား  ယမန်နေ့နံနက်ပိုင်းတွင် အလှူငွေများ  လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် ယခင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်တွင် ဖွင့်လှစ်ခဲ့သည့် “1979 Machinery Repair & Maintenance”၊ (Regional Collage(RC-3))၊ဒေသကောလိပ် ကျောင်းသား/ ကျောင်းသူ‌ဟောင်းများက သစ်ဝင်တိုင်းကျေးရွာအတွင်း ထိခိုက်ပျက်စီးခဲ့သော အိမ်ထောင်စု (၅၉)စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် အလှူငွေကျပ် စုစုပေါင်း ငါးဆယ့်ကိုးသိန်းကျပ် လာရောက်လှူဒါန်းခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)