ဆီဆိုင် မေ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် စိန်ဖူးတော်မြေခပြီး စေတီတော်ကွဲအက်သွားသည့် ကုန်းဆွတ်ကျေးရွာအုပ်စု၊ မွေတော်ကျေးရွာရှိ သမိုင်းဝင်မွေတော်နမ့်စစ်ဘုရားစေတီအား ပြန်လည်ပြုပြင်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွှဲပိုင်းအချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပင်စုံ(တောင်)ကျေးရွာဘုန်းတော်ကြီးကျောင်းဆရာတော်အား ရှမ်းပြည်နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (တောင်ကြီးဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခက်ခက်လှ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦနှင့် အဖွဲ့ဝင်များတို့က သွားရောက်ဖူးမျှော်ပြီး ဘုရားဂေါပကဥက္ကဋ္ဌတို့နှင့်တွေ့ဆုံကာ သမိုင်းဝင်မွေတော်နမ့်စစ်ဘုရားစေတီ ပြန်လည်ပြုပြင်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခက်ခက်လှနှင့် တာဝန်ရှိသူတို့သည် မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် စိန်ဖူးတော်မြေခပြီး စေတီတော်ကွဲအက်သွားသည့် သမိုင်းဝင် မွေတော်နမ့်စစ်ဘုရားစေတီတော်အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ အဆိုပါ သမိုင်းဝင် မွေတော်နမ့်စစ်ဘုရားစေတီတော်အား အလှူရှင်များ၏ စုပေါင်းလှူဒါန်းငွေဖြင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)