ရန်ကုန် မေ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းသို့ ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဒုတိယအကြိမ် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လအတွက် တစ်ဦးလျှင် ၄၀၀၀၀ ကျပ် ၂ လစာ ထောက်ပံ့ငွေအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေလယ် ၂ နာရီက ကမာရွတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုပေးအပ်ပွဲအခမ်းအနားအား ကမာရွတ်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ထောက်ပံငွေပေးအပ်ခြင်းနှင့် စပ်လျဥ်း၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် ကမာရွတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ထောက်ပံ့ငွေပေးအပ်ရေးအဖွဲ့ဝင်များမှ တစ်ဦးလျှင် ၄၀၀၀ဝိ/-ကျပ်နှုန်းဖြင့် လူဦးရေ (၂၀၂) ဦးအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြသည်။
ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ ကမာရွတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)