လွိုင်လင် မေ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင် ၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်နေ့တွင်ရောက်ရှိမည့် ကမ္ဘာ့ကြက်ခြေနီနေ့(World Red Cross Day)အကြို ကြက်ခြေနီအကြောင်းသိကောင်းစရာ ကမ်ပိန်းပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက လွိုင်လင်မြို့ မြို့မဈေးကြီးရှေ့ နာရီစင်အနီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ပြုလုပ်ခြင်းကို မြို့နယ်ကြက်ခြေနီမောင်မယ်များက ဈေးသွားဈေးလာပြည်သူများ၊ လမ်းသွားလမ်းလာပြည်သူများကို ကြက်ခြေနီအကြောင်းနှင့်ပတ်သက်၍ သိကောင်းစရာမေးခွန်းများ မေးမြန်းခြင်း၊ အဖြေမှန်သူများအား လက်ဆောင်ပစ္စည်းပေးဝေခြင်း၊ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကမ္ဘာ့ကြက်ခြေနီနေ့ World Red Cross Day ကို ယခုနှစ်တွင် “လူသားခြင်းစာနာထောက်ထား တို့ကြက်ခြေနီများ”၊ “On the Side of Humanity” ခေါင်းစဉ်ဖြင့် နိုင်ငံအဝန်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လွိုင်လင်မိုး