ဒဂုံမြို့သစ်‌(မြောက်ပိုင်း)မြို့နယ်၌ (၂၇)ကြိမ်မြောက် ကဆုန်‌ညောင်ရေသွန်းပွဲ‌တော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ဒဂုံမြောက် မေ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်‌(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက် ပြည်ထောင်စုလမ်းရှိ ပြည်ကြီးချမ်းသာမဟာစေတီတော်ကြီး (မြို့ဦးစေတီ)ရှိ သန္တိသုခဓမ္မာရုံတွင် (၂၇)ကြိမ်မြောက် ကဆုန်‌ညောင်ရေသွန်းပွဲ‌တော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို မေလ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ညှိနှိုင်းအစည်းအဝေးကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်‌တော့ဖွင့်လှစ်၍ မြို့နယ်သာသနာ‌ရေးမှူး ဦးမြင့်‌ဇော်မှ အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာသူများက (၂၇)ကြိမ်မြောက် ကဆုန်‌ညောင်ရေ သွန်းလောင်းပူဇော်ခြင်း လုပ်ငန်းကိစ္စရပ်များကို ဆွေးနွေးပြောကြားကြသည်။

ထို့နောက် ကဆုန်‌ညောင်ရေသွန်းပွဲ‌တော် ကျင်းပရေးစီမံချက်အား ဖတ်ကြားတင်ပြပြီး တက်ရောက်လာသူများက အကြံပြုဆွေးနွေးကြကာ ညနေ ၅ နာရီတွင် ညှိနှိုင်းအစည်းအဝေးအား “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့‌ကြောင်း သိရသည်။

မြင့်မြင့်ရီ