မိုင်းယောင်း၌ သာသနတက္ကသီလ ဓမ္မာစရိယဘွဲ့တံဆိပ်တော်ရ အရှင်ဓမ္မဓရအား ချီးကျုးဂုဏ်ပြုပွဲပြုလုပ်

မိုင်းယောင်း မေ ၇ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ဇလီလော် ဘုန်းတော်ကြီးကျောင်း၌ မေလ ၅ ရက်နေ့က သာသနတက္ကသီလ ဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ အရှင်ဓမ္မဓရအား ချီးကျုးဂုဏ်ပြုပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သာသနာတော်နှစ်-၂၅၆၈ ခု၊ ကောဇာသက္ကရာဇ်-၁၃၈၇ ခုနှစ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ကြီးမှူးကျင်းပသော သာသနတက္ကသီလ ဓမ္မာစရိယ စာမေးပွဲ၌ သာသနတက္ကသီလ ဓမ္မာစရိယ ဘွဲ့တံဆိပ်တော် ရရှိတော်မူသော အရှင်ဓမ္မဓရအား ချီးကျုးဂုဏ်ပြု လှည့်လည်ပူဇော်ပြီးနောက်  နမောတဿသုံးကြိမ်ရွှတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

ထို့နောက်  သာသနတက္ကသီလ ဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ အရှင်ဓမ္မဓရအား  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပြီး ကြွရောက်ချီးမြှောက်ကုန်ကြသော ဆရာတော်/သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့ဝင်များ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ စေတနာရှင်၊ အလှူရှင်များ တက်ရောက်ပြီး အောင်ပွဲအဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရာဇီ(ပြန်/ဆက်)