ကျေးသီး မေ ၇
ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့နယ်၊ ကျေးသီးမြို့ပေါ် (၆) ရပ်ကွက်ရှိ မွေးကင်းစ အသက် (၂) လမှ အသက် (၂) နှစ်အောက် ကလေးငယ်များအား လစဉ် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းကို မေလ ၅ ရက်နေ့ နံနက် (၉) နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို ကျေးသီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက လစဉ်ပုံမှန်ဆောင်ရွက်လျက်ရှိရာ မွေးကင်းစ အသက် (၂) လမှ အသက် (၂) နှစ်အောက် ကလေးငယ်များအား အသက်အပိုင်းခြားအလိုက် သတ်မှတ်ကာကွယ်ဆေးများဖြစ်သည့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ (၅)မျိုးစပ်ကာကွယ်ဆေး (BCG)၊ ပိုလီယိုသောက်ဆေး၊ ထိုးဆေးများကို ထိုးနှံတိုက်ကျွေးပေးကြောင်း သိရသည်။
စိုင်းငင်း (ပြန် / ဆက်)