ဒဂုံ မေ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အတွင်းသို့ ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား တတိယအကြိမ် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လအတွက် တစ်ဦးလျှင် ၄၀၀၀၀/- ကျပ် ၂ လစာ ထောက်ပံ့ငွေအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက ဒဂုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပေးအပ်ပွဲအခမ်းအနားကို ကျောက်တံတားခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးစံကျော်က အဖွင့်အမှာစကားပြောကြားပြီး ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းခန့်သွင်က ထောက်ပံငွေပေးအပ်ခြင်းနှင့် စပ်လျဥ်း၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးစံကျော်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးစိုးနိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက်၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခန့်သွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များနှင့် မြို့နယ်ဌာနဆိုင်ရာများမှ ထောက်ပံ့ငွေပေးအပ်ရာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လအတွက် တစ်ဦးလျှင် ၄၀၀၀ဝိ/-ကျပ်နှုန်းဖြင့် လူဦးရေ ၂၀၉ ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်း ၈၃၆၀၀၀၀/- ကျပ် (ရှစ်ဆယ့်သုံးသိန်းခြောက်သောင်း) ကျပ်တိတိကို ပေးအပ်ခဲ့ကြသည်။
အဆိုပါထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)နှင့် အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများ၊ ယာယီနေရပ်စွန့်ခွာပြည်သူများ (၆၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
လဲ့လဲ့ (ပြန်/ဆက်)