ခိုလမ် မေ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များအား ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ခိုလမ်မြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုး၏ ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာ၊ နယ်မြေရဲစခန်းနှင့် စည်ပင်သာယာရေးဌာန ပူးပေါင်းအဖွဲ့များက မြို့အတွင်း စက်သုံးဆီရောင်းချနေသော ဆိုင်များအား မီးဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် မီးလောင်ဆုံးရှုံးမှုများမဖြစ်ပေါ်စေရန်အတွက် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိအား တစ်ဆိုင်ချင်း ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်စည်းကမ်းချက်များအား အလေးထားလိုက်နာရောင်းချသွားရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ခိုလမ်(ပြန်/ဆက်)