မှော်ဘီမြို့၌ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ

မှော်ဘီ ဒီဇင်ဘာ ၁၀

၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ယမန်နေ့ နံနက်ပိုင်းတွင်  မှော်ဘီမြို့၊ ဈေးဆိုင်များနှင် စားသောက်ဆိုင်များရှိ ပြည်သူ များထံ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေခဲ့ ကြောင်း သိရသည်။

အဆိုပါ အမျိုးသားအောင်ပွဲနေ့ သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲ နေ့ ဦးတည်ချက်များ၊ (၉၉) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်များ၊ တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတတ်မှု နှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းကောက်နုတ် ချက်များ၊ အမျိုးသား အောင်ပွဲနေ့ သမိုင်းကြောင်းများ၊  ဗြိတိသျှတို့ ပြဋ္ဌာန်းသော ကျွန်ပညာရေး ဥပဒေ၊ ရန်ကုန် ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ အမျိုးသား  အောင်ပွဲနေ့ ဆိုင်ရာ ကဗျာ၊ ကာတွန်းနှင့် မှတ်တမ်းဓာတ်ပုံများဖြင့် ဝေဝေဆာဆာ ဖော်ပြပါဝင်ပြီး ပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန် ရည်ရွယ် ၍ အမျိုးသားအောင်ပွဲနေ့သတင်းစကား လက်ကမ်းစာစောင်ကို အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ကောင်းမြတ်သူ (ပြန်/ဆက်)