ကြည့်မြင်တိုင် မေ ၇
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား ဒုတိယအကြိမ် ၂ လစာ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကြည့်မြင်တိုင်မြို့နယ်အတွင်းသို့ ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဒုတိယအကြိမ် ၂လစာ ထောက်ပံ့ငွေပေးအပ်ခြင်းကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လအတွက် တစ်ဦးလျှင် ၄၀၀၀၀ ကျပ်နှုန်းဖြင့် လူဦးရေ ၉၃၉ ဦးကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)