မိုးကောင်း ဒီဇင်ဘာ ၁၀
၂၀၂၀ပြည့်နှစ် နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် အတွဲ(၄)အမှတ်(၇) စောင်ရေ(၂၂၅)စောင်ကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မီးပွိုင့်လမ်းဆုံ၊ လက်ဖက်ရည်ဆိုင်၊ ဆိုက်ကားဂိတ်နှင့် ရပ်ကွက်ဈေး၊ ပျံကျဈေးများတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသားအောင်ပွဲနေ့လက်ကမ်းစာစောင်တွင် နှစ်(၁၀၀)ပြည့်အမျိုးသားအောင်ပွဲနေ့ သမိုင်းအကြောင်း၊ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ နိုင်ငံတော် သမ္မတဦးဝင်းမြင့်ထံမှပေးပို့သည့် သဝဏ်လွှာမှကောက်နုတ်ချက်ဖြစ်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု၊ ပညာရေးမြှင့်တင်မှု၊ ရန်ကုန်ယူနီဗာစတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသောကျောင်းသားကြီး(၁၁)ဦးအမည်များ၊ ဗြိတိသျှတို့ပြဌာန်းသော ကျွန်ပညာရေးဥပဒေ၊ မြင်းမူမောင်နိုင်မိုး ရေးသားသည့် အမျိုးသားအောင်ပွဲနေ့အဓိဌာန်၊ နှစ်(၁၀၀) ပြည့်အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ စသည့်အကြောင်းအရာများကို ပြည်သူများ သိရှိစေရန် အတွက် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)