မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာနေရသူများအား ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလနှင့် မတ်လတို့အတွက်‌ တစ်ဦးလျှင်(၂)လစာငွေကျပ် လေးသောင်းပေးအပ်

မင်္ဂလာတောင်ညွန့် မေ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာနေရသူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလနှင့် မတ်လတို့အတွက် တစ်ဦးလျှင်(၂)လစာငွေကျပ်၄၀၀၀၀/-ပေးအပ်ခြင်းကို မန်နေ့ နံနက်(၁ဝ)နာရီ အချိန်ကမင်္ဂလာ‌တောင်ညွန့်ရပ်ကွက်၊ တောင်ညွန့်ကြီးဓမ္မာရုံတွင်လည်းကောင်း () နာရီအချိန်တွင် ကန်တော်ကလေး(မြောက်)ရပ်ကွက်၊ ဗုဒ္ဓသာသနရက္ခိတဓမ္မာရုံတို့တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်‌ထောက်ပံ့ရေးအဖွဲ့၊ အဖွဲ့‌ခေါင်း‌ဆောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌မြသိန်းထွန်းနှင့် အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ယာယီနေရပ်စွန့်ခွာနေရသူများအား တက်ရောက်ခဲ့ကြပါသည်။

ထို့သို့ ပေးအပ်ရာတွင်ရပ်ကွက် (၁၀)ရပ်ကွက်ရှိ လူဦး‌ ရေ(၄၉၃)ဦးအတွက် ငွေကျပ် ၁၉,၇၂၀,၀၀၀ ကျပ် တိတိအား လက်၀ယ်အရောက် ပေးအပ်ခဲ့ပါကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)