ဒဂုံဆိပ်ကမ်း မေ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို မေ ၅ ရက် နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က အဖွင့်အမှာစကားပြောကြားရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်မှာ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးကို နှစ်အလိုက် ဈေးနှုန်းများအရ ကျပ် (၉၇၀၃၀၉.၄) သန်းနဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် (နှစ်ကုန်ခန့်မှန်းခြေ) အပေါ် တိုးတက်မှုနှုန်း (၈.၆) ရာခိုင်နှုန်း တိုးတက်ရန်ရည်မှန်းထားပါကြောင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၏ GDP မှာ ကဏ္ဍကြီးအလိုက်ပါဝင်မှု ရာခိုင်နှုန်းရည်မှန်းချက်များအနေနဲ့ လယ်ယာကဏ္ဍကြီးမှာ (၀.၈) ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီးမှာ (၆၃.၂) ရာခိုင်နှုန်းနဲ့ ဝန်ဆောင်မှုကဏ္ဍကြီးမှာ (၃၆.၀) ရာခိုင်နှုန်း ရရှိအောင်ဆောင်ရွက်မယ်လို့ မျှော်မှန်းထားပါကြောင်း၊ စက်မှုကဏ္ဍကြီးဟာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြိုနယ်ရဲ့ အားအသာဆုံး ဖြစ်တာတွေ့ရမှာဖြစ်ပါကြောင်းနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် စံချိန်စံညွှန်းပြည့်မီရန် ပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ အားသက်ဆိုင်ရာဌာနများမှ တာ၀န်ရှိသူများထံသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် အဖွဲ့၀င်များက ပေးအပ်ခဲ့ရာ အသီးသီးလက်ခံရယူခဲ့ကြသည်။
အဆိုပါ ဒေသန္တရစီမံကိန်းတာ၀န်ပေးအပ်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ဖြိုးစန္ဒာ (ပြန်/ဆက်)