ကျောက်ပန်းတောင်း ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(GTI)တွင် Quarantine ဝင်ရောက်နေသူ များအနက် Swab ယူရန်ကျန်ရှိနေသူ (၃၁)ဦးအား RDT Test Kit ဖြင့် ပထမအကြိမ် စစ်ဆေးရာမှ အမျိုး သား(၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(GTI)တွင် Quarantine ဝင်ရောက် နေသူ(၁၂၇)ဦးအနက်၊ (၆-၁၂-၂၀၂၀)ရက်နေ့အထိ Quarantine ဝင်ရောက်ပြီး၊ Swab နမူနာယူရန် ကျန်ရှိနေသူ(၃၁)ဦးအား (၉-၁၂-၂၀၂၀)ရက်နေ့ တွင် RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ၊ ရန်ကုန်မြို့ လမ်းမတော်မြို့နယ်မှ (၄-၁၂-၂၀၂၀) ရက်နေ့တွင် ပြန်လည်ရောက်ရှိလာသူ အမျိုးသား(၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ ပိုးတွေ့လူနာမှာ မဲဒီကျေးရွာအုပ်စု၊ ပွဲခင်းကျေးရွာနေသူဖြစ်ကြောင်းသိရပြီး ကျောက်ပန်းတောင်းမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ဆေးကု သမှု ခံယူလျက်ရှိကြောင်း၊ ၎င်းနှင့်ထိတွေ့ဆက်စပ်မှုရှိခဲ့သူများကို စုံစမ်းဖော်ထုတ်၍ ကျောက်ပန်း တောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(GTI)တွင် Quarantine သို့ ပို့ ဆောင်ထားရှိသွား မည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
နေအောင်