ပုသိမ်ကြီး မေ ၆
(၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ဦးလှထွန်းမေတ္တာရိပ်မွန် (ကင်ဆာ) ဖောင်ဒေးရှင်းသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ လူနာများအား နေ့လယ်စာအဟာရဒါနအလှူနှင့် ဆေးပဒေသဘင်လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကင်ဆာဖောင်ဒေးရှင်း၌ ဆောင်ရွက်သည်။
အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးဋ္ဌေးဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကိုကိုနှင့် မန္တလေး (၇)မြို့နယ် မီးသတ်ဦးစီးအရာရှိများနှင့် အရန်မီးသတ် ကြီးကြပ်မှုကော်မတီဝင်များ၊ တက်ရောက်ခဲ့ကြပြီး၊ ဆေးပဒေသဘင်အတွက် အလှူငွေများ လှူဒါန်းရာ ဦးလှထွန်း ကင်ဆာဖောင်ဒေးရှင်း (မန္တလေး) စီမံဒါရိုက်တာ ဒေါ်ခင်အေးမြင့်၊ ဒုတိယဥက္ကဋ္ဌ Dr. ဦးကိုကိုလေး၊ တာဝန်ခံဆရာဝန်ကြီး၊ Dr.အောင်ဇင်တို့က လက်ခံရယူပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်၊ မြို့မအရန်မီးသတ်တပ်ဖွဲ့မှ မန္တလေးမြေငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် တပ်ကြပ်ကောင်းစံအား တာဝန်ရှိသူများက ထောက်ပံ့ငွေ (၇)သိန်းကျပ် ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)