တံတားဦး မေ ၆
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်ဦ တံတားဦးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် G-12 တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/သူများအား စတုတ္ထနေ့အဖြစ် ဘာသာရပ်အလိုက် အနီးကပ်သင်ကြားပို့ချခြင်းကို ယမန်နေ့နံနက်(၈)နာရီက တံတားဦးမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် တက္ကသိုလ်များမှ ပါမောက္ခများ၊ ကထိကများ သင်ကြားပို့ချဆောင်ရွက်ကြကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် မေလ၂ ရက်နေ့နံနက်ပိုင်းမှ တက္ကသိုလ်များမှ ပါမောက္ခများ၊ ကထိကများက နေ့စဉ်နံနက်(၈)နာရီအချိန်မှ ညနေ(၄)နာရီအချိန်ထိ သင်ကြားပို့ချပေးခဲ့ကြောင်း၊ ယနေ့ဆိုလျင် စတုတ္ထနေ့အဖြစ် သင်ကြားနေခြင်းဖြစ်ကြောင်း၊ ကျောင်းသား/သူများနေဖြင့် “အခက်အခဲများမှ ရုန်းထလို့၊ မိမိအရည်အသွေး ထုတ်ပြဖို့၊ တက္ကသိုလ်ဝင်စာမေးပွဲ၊ ပြန်လည်ဖြေဆိုကြပါစို့” ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်ပေးစေလိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ ဘာသာရပ်အလိုက် အနီးကပ်သင်ကြားပို့ချရာတွင် ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ခများနှင့်ကထိကများ၊ မကွေးတက္ကသိုလ်မှ ပါမောက္ခများနှင့်ကထိကများ၊ မော်လမြိုင်တက္ကသိုလ်မှ ပါမောက္ခများနှင့်ကထိကများ၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်မှပါမောက္ခများနှင့်ကထိကများ စုစုပေါင်း(၁၈)ဦးတို့ မိမိတို့သင်ကြား ပေးရမည့် ဘာသာရပ်အလိုက် အခန်းများများခွဲ၍ သင်ကြားပေးကြကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)