တံတားဦး မေ ၆
တံတားဦးခရိုင်၊ တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ ကူတော်ဘုန်းတော်ကြီးကျောင်းတွင် သတ္တမအကြိမ်မြောက် နွေရာသီ ဗုဒ္ဓစာပေယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို မတ်လ(၄)ရက်နေ့ ညနေ(၅)နာရီက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပကြောင်း သိရသည်။
နွေရာသီ ဗုဒ္ဓစာပေယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်လာသူများက “နမောတဿ”သုံးကြိမ် ရွတ်ဆိုပြီး ဖွင့်လှစ်ကြသည် ။ ဆက်လက် ၍ သူငယ်တော်ကျေးရွာ ကူတော်ဘုန်းတော်ကြီးကျောင်း ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဏဝက ဩဝါဒစကားမြွက်ကြားပေးပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကွန့်က အမှာစကားပြောကြားသည်။ ဆက်လက်၍ ဘဒ္ဒန္တအာစရမှသတ္တမအကြိမ်မြောက် နွေရာသီသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး နွေရာသီသင်တန်းသို့ တက်ရောက်ခဲ့ကြသည့်ကျောင်းသား/သူများကို သင်တန်းဆင်းအောင်လက်မှတ်များနှင့် World Vision Myanmarမှ ထောက်ပံ့လှူဒါန်းသည့် ကျောင်းသုံး စာရေးကိရိယာများကိုပေးအပ်ပြီး ကျောင်းသားသူများက အကအလှများဖြင့် ကပြဖျော်ဖြေပေးကြသည်။
နွေရာသီ ဗုဒ္ဓစာပေယဉ်ကျေးလိမ္မာသင်တန်းတွင် ပထမအဆင့်တွင် ကျောင်းသား/သူ(၂၇)ဦး၊ ဒုတိယအဆင့်တွင်ကျောင်းသား/သူ(၁၅)ဦး အခြေပြုအဆင့်တွင် ကျောင်းသား/ .သူ(၆၃)ဦး စုစုပေါင်း (၁၀၅)ဦးရှိပါကြောင်း၊ အဆိုပါယဉ်ကျေးလိမ္မာသင်တန်းကို နှစ်စဉ်တပိုတွဲလပြည့်ကျော် (၉)ရက်နေ့မှ တန်ခူးလပြည့်နေ့အထိ ဥပုဒ်နေ့မှအပ ကျန်းရက်များတွင် နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၄)နာရီ အချိန်အထိ ဖွင့်လှစ်ကြားပေးလျက်ရှိကြောင်း အရှင်အာစရထံမှ သိရသည်။
ရဲတင့်(ပြန်/ဆက်)