မှော်ဘီမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲ ကျင်းပ

မှော်ဘီ မေ ၆

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးစန်းဝင်းက ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်လာစေရန် ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေမည့် သင်တန်းများအား တက်ရောက်ကြရန် လိုအပ်ကြောင်း ကျောင်းပိတ်ချိန် နွေရာသီအားလပ်ရက်ကာလများ၌ အခြေခံပန်းချီသင်တန်းများအပြင် အခြားသောအတတ်ပညာသင်တန်းများ တက်ရောက်ရန် လိုအပ်ပါကြောင်း သင်တန်းများမှရရှိသော အတွေ့အကြုံများကို လိုအပ်သည့်အချိန် စနစ်တကျ အသုံးချကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲသို့ ပန်းချီဆရာ ဦးအေးလွင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးစန်းဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ခံဆရာမများနှင့် သင်တန်းသား ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

ဆက်လက်၍ ပန်းချီရေးဆွဲနည်းအား သင်ကြားရာတွင် သင်တန်းဆရာအဖြစ် ပန်းချီဆရာဦးအေးလွင်က အခြေခံပန်းချီရေးဆွဲခြင်းနှင့်ပတ်သက်၍ ပန်းချီရေးဆွဲနည်းသင်ခန်းစာများ၊ ဆေးအရောင်စပ်သောသင်ခန်းစာများအား သင်ကြားပေးရာ အခြေခံပညာအလယ်တန်းအဆင့်ရှိ (၁၀)ဦး၊ မူလတန်းအဆင့် (၁၀)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၂၀) ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း​ကို မေလ (၅)ရက်နေ့မှ (၁၆)ရက်နေ့ထိ နေ့စဥ် နံနက် ၉ နာရီအချိန်မှ ၁၁ နာရီအထိ (၁၁)ရက်ကြာ ဖွင့်လှစ်သင်ကြား ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဇော် (ပြန်/ဆက်)